Posts

Showing posts from March, 2021

စမ်းချောင်း-အင်းစိန်-ဟားဗတ် ♥ မသီတာ(စမ်းချောင်း)ဝတ္ထုရှည်စဆုံး အပိုင်း ၁

Image
စမ်းချောင်း-အင်းစိန်-ဟားဗတ် 🔸🔸🔸🔸🔸🔸🔸🔸 မသီတာ - စမ်းချောင်း ___♥___ အပိုင်း - ၁ ဝိုးတဝါးအိပ်မက်များနှင့်လမ်းလျှောက်ခြင်း မူလတန်းအိပ်မက်များ မြကျွန်းသာမှ အစပြု၍ကြီးမားသော ဂိတ်တံခါးကြီးက သူ့ရင်ခွင်ကို နှစ်ခြမ်းခွဲကာ ဖွင့်ပြနေခဲ့ သည်။ ဂိတ်တံခါးကြီး မိတ်ဆက်ပေးလိုက်သည်က အဓိပတိလမ်း။ အဓိပတိ လမ်းအဆုံးမှာ သစ်ပုပ်ပင်နှင့် ဘွဲ့နှင်းသဘင်ခန်းမ။ အဝေးမှကြည့်လျှင်ပင် ကျက်သရေရှိလှသည့် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ။ ခန်းမအဆောက်အအုံ ဘေးတစ်ဘက်တစ်ချက်က ခြင်္သေ့ကြီးနှစ်ကောင်။  မလှမ်းမကမ်းမှာက ဖြောင့်တန်းရှည်လျား တုတ်ခိုင်သည့် တစ်ကိုယ်တော် သစ်ပုပ်ပင်။ ဂိတ်တံခါးကို လွန်သည်နှင့် ဘယ်ဘက်မှာ ကျောင်းဆောင် အဆောက်အဦများ။  ညာအောက်မှာ မြက်ရိုင်းရှည်တွေ ကြီးစိုးသည့် ကွင်းပြင်။ ငှက်ရိုင်းရှည်ကွင်းပြင်ကို သေချာကြည့်လျှင် မြင်ရနိုင်သည်က ခပ်ဟောင်း ဆောင်း အုတ်ဂူတစ်လုံး။ အနီးအနားမှ ညိုမှိုင်းမှိုင်းမြက်ခင်း၊ မြေနီလမ်းတို့နှင့် ရွက်စိမ်းဖားဖား ကံ့ကော်ပင်တွေကြားမှာ ထိုအုတ်ဂူက မထင်မရှား။ “ဒီဂူက နယ်ချဲ့ကိုဆန့်ကျင်ရင်း ကျဆုံးခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော်ရဲ့ ဂူပေါ့။ ဒီကွင်းပြင်နေ...

မျောက် ခြောက် ကြိမ်

Image
မျောက်ခြောက်ကြိမ် -------------------- ပုံပြင်တစ်ပုဒ်ရှိတယ် မျောက်တွေမွေးထားပြီး တောင်းစားနေတဲ့ လူတစ်ယောက်အကြောင်းပေါ့ သူက မျောက်တွေအများကြီး မွေးထားတာ။ မျောက်ပြ ပိုက်ဆံတောင်းနေတဲ့ သူတောင်းစားလေ။ မျောက်ပြ တောင်းစားတဲ့ကောင်လက်ထဲမှာ ကိုင်ထားတာ တုတ်တစ်ချောင်းတည်းပါ။ မျောက်တွေ အားလုံးက သူတို့ သခင်မျက်နှာထက် တုတ်ကိုပဲကြည့်နေတာ။ တုတ်က မျောက်အားလုံးကို ထိန်းထားတဲ့ အသက်ပဲ။ မျောက်တွေကို တုတ်မြှောက်ရင်ဘာ၊ တုတ်ဝှေ့ရင်ဘာ၊ တုတ်ထောင်ရင်ဘာ၊ တုတ်ရမ်းရင်ဘာဆိုပြီး မျောက်ရှင်က မျောက်တွေကို သင်ထားတာ။ သင်တဲ့အခါမှာလည်း အဲဒီတုတ်နဲ့ပဲ ရိုက်သင်တာကြောင့် မျောက်တွေဟာ တုတ်ကို အရမ်းကြောက်ကြတယ်။  မျောက်တစ်အုပ်ကို တုတ်တစ်ချောင်းတည်းနဲ့ ထိန်းထားတဲ့ မျောက်ရှင်ကို မျောက်တွေက မတော်လှန်ရဲ ကြဘူး။ မတော်လှန်ရဲဘူးဆိုတာထက် ဘယ်လိုတော်လှန်ရမှန်းကို မသိတာ။ တစ်ခါ မျောက်တစ်ကောင်က သူတို့ကြောက်နေရတဲ့ တုတ်ကိုယူပြေးဖူးတယ်။ အဲဒီကောင် သေလောက်အောင် အရိုက်ခံရတယ်။ တစ်ခါ မျောက်တစ်ကောင်က တုတ်ကို ချိုးပစ်ဖူးတယ်။ ချိုးလိုက်တဲ့ တုတ်ထက် ပိုကြီး၊ ပိုရှည်တဲ့ ကြိမ်လုံး ရောက်လာတယ်။ မျောက်ဘဝ မလွယ်ပါဘူး သခင်ကို ရှာလည်းကျွေး၊ အရိုက်လည်း ခံရသေး၊ ပေး...

မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပ‌ဒေကို ရုပ်သိမ်းသည့်ဥပဒေ

Image
  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုလွှတ်တော် ------------------------------------------- မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပ‌ဒေကို ရုပ်သိမ်းသည့်ဥပဒေ (၂၀၂၁ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃) ၁၃၈၂ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် (၂၀၂၁ ခုနှစ်၊ မတ်လ ၇ ရက်) နိဒါန်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၀င်များသည် မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ ဗြိတိသျှကိုလိုနီခေတ်မှစ၍ ၁၈၉၉ ခုနှစ်၊ ရန်ကုန် ရဲအက်ဥပ‌‌ဒေ၊ ၁၉၄၅ ခုနှစ် မြန်မာနိုင်ငံရဲအက်ဥပဒေတို့ပါ ပြဌာန်းချက်များနှင့် မြန်မာနိုင်ငံ ရဲလက်စွဲများ ပါ ညွှန်ကြားချက်များအရ နိုင်ငံတကာ ရဲလုပ်ငန်း စံချိန် စံညွှန်းများနှင့်အညီ တာ၀န်ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ပါ သည်။ ၁၉၉၅ ခုနှစ်တွင် ပြဌာန်းခဲ့သော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေး ဥပ‌ဒေပြဌာန်းချက်များသည် အဆိုပါ ရဲအက်ဥပ‌ဒေပြဌာန်းချက်များတွင် ‌‌ယေဘုယျအားဖြင့် အကျုံး၀င်ပြီး ဖြစ်သဖြင့် ထိုဥပဒေကို ဆက်လက် ကျင့်သုံးရန် မလိုအပ်သည့်အတွက်ကြောင့်လည်းကောင်း၊ ရဲတပ်ဖွဲ့၀င်များ ၏ နိုင်ငံသားဆိုင်ရာ မူလအခွင့်အရေးကို ဖိနှိပ်ချုပ်ချယ်ထားသော ပုဒ်မများ ပါ၀င်နေ၍လည်းကောင်း၊ ရဲတပ်ဖွဲ့၀င်များအနေဖြင့် ပြ...