စမ်းချောင်း-အင်းစိန်-ဟားဗတ် ♥ မသီတာ(စမ်းချောင်း)ဝတ္ထုရှည်စဆုံး အပိုင်း ၁

စမ်းချောင်း-အင်းစိန်-ဟားဗတ်
🔸🔸🔸🔸🔸🔸🔸🔸
မသီတာ - စမ်းချောင်း
___♥___
အပိုင်း - ၁

ဝိုးတဝါးအိပ်မက်များနှင့်လမ်းလျှောက်ခြင်း

မူလတန်းအိပ်မက်များ

မြကျွန်းသာမှ အစပြု၍ကြီးမားသော ဂိတ်တံခါးကြီးက သူ့ရင်ခွင်ကို နှစ်ခြမ်းခွဲကာ ဖွင့်ပြနေခဲ့ သည်။ ဂိတ်တံခါးကြီး မိတ်ဆက်ပေးလိုက်သည်က အဓိပတိလမ်း။ အဓိပတိ လမ်းအဆုံးမှာ သစ်ပုပ်ပင်နှင့် ဘွဲ့နှင်းသဘင်ခန်းမ။
အဝေးမှကြည့်လျှင်ပင် ကျက်သရေရှိလှသည့် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ။ ခန်းမအဆောက်အအုံ ဘေးတစ်ဘက်တစ်ချက်က ခြင်္သေ့ကြီးနှစ်ကောင်။ 
မလှမ်းမကမ်းမှာက ဖြောင့်တန်းရှည်လျား တုတ်ခိုင်သည့် တစ်ကိုယ်တော် သစ်ပုပ်ပင်။ ဂိတ်တံခါးကို လွန်သည်နှင့် ဘယ်ဘက်မှာ ကျောင်းဆောင် အဆောက်အဦများ။
 ညာအောက်မှာ မြက်ရိုင်းရှည်တွေ ကြီးစိုးသည့် ကွင်းပြင်။ ငှက်ရိုင်းရှည်ကွင်းပြင်ကို သေချာကြည့်လျှင် မြင်ရနိုင်သည်က ခပ်ဟောင်း
ဆောင်း အုတ်ဂူတစ်လုံး။ အနီးအနားမှ ညိုမှိုင်းမှိုင်းမြက်ခင်း၊ မြေနီလမ်းတို့နှင့် ရွက်စိမ်းဖားဖား ကံ့ကော်ပင်တွေကြားမှာ ထိုအုတ်ဂူက မထင်မရှား။
“ဒီဂူက နယ်ချဲ့ကိုဆန့်ကျင်ရင်း ကျဆုံးခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော်ရဲ့ ဂူပေါ့။ ဒီကွင်းပြင်နေရာမှာတော့ တစ်ခါတုန်းက အဆောက်
ကြီးရှိခဲ့တယ်။ အခုတော့ မရှိတော့ဘူး။ စစ်တပ်က ဖြိုချဖျက်ဆီးခဲ့တာ ဒီတုန်းက ကျောင်းသားကျောင်းသူတွေ တော်တော်လေးသေခဲ့တယ်။ ဖမ်းလည်း ခံခဲ့ရတယ်။ 
ဖေဖေက ဒီတုန်းက ကိစ္စတစ်ခုကြောင့် ရန်ကုန် - ထဲမှာ ညအိပ်တာ နောက်နေ့မနက် ကျောင်းဝင်းထဲပြန်လို့မခဲ ညနေမှ နိုင်လို့ရတော့ ဒီသမဂ္ဂအဆောက်အဦကြီးက မရှိတော့ဘူး။ တစ်ခါက
ဖေဖေတို့ကျောင်းသားတွေ စုဝေးပြီး အစည်းအဝေးလုပ်ကြ၊ လက်ဖက်ရည် ဆိုင်ထိုင်ကြ လုပ်ခဲ့တဲ့နေရာပေါ့”ဟု ဖေဖေရှင်းပြခဲ့သည်။
ထိုစဉ်က ကျွန်မမှာ ကျောင်းနေစ မူလတန်းအရွယ်။ လူမှန်းသိတတ်စ ၊ ကတည်းက ရောက်ဖြစ်ဆုံးနေရာသည် ကျွန်မတို့ ငယ်စဉ်ကနေသော အိမ်နားက
 ရွှေဘုန်းပွင့်ဘုရား၊ သာကေတခုံးတံတား ပြီးလျှင် ရန်ကုန် တက္ကသိုလ်ဝင်းသာ ဖြစ်ခဲ့သည်။ ဖေဖေသည် သူ့ကျောင်းတော်ဟောင်းကို ချစ်မြဲ၊ လွမ်းမြဲမို့ ကျွန်မတို့မောင်နှမတစ်တွေကို 
ပုဇွန်တောင်မှ ကမာရွတ်၊ ရန်ကုန်အရှေ့ပိုင်းမှ အနောက်ပိုင်းခရီးကို ပြည်သူပိုင်ဘတ်စ်ကားဖြင့်ပင် တခုတ်တရ လိုက်ပို့ခဲ့သည်မှာ စနေ၊ တနင်္ဂနွေတိုင်းလိုလိုပင်။ ကျောင်းဝင်း ထဲက
 အဆောင်များ၏ အမည်၊ မည်သည့်နာမည်ကျော် ကျောင်းသားများနေခဲ့သည်။ ယခု သူတို့ ဘာဖြစ်နေသည် စသဖြင့် မြကျွန်းသာအကြောင်းကို ၂ ဖေဖေထံမှ အပတ်စဉ်လိုလို ကြားနာခွင့်ရခဲ့သည်။ 
အပင်ကြီးငယ်များနှင့် | စိမ်းလန်းမြဲဖြစ်သော၊ အင်းလျားကန်ရေပြင်ကျယ်ကို မေးတင်ထားသော သည်ရန်ကုန်တက္ကသိုလ်ကို အများက မြကျွန်းသာဟု တင်စားခေါ်ခဲ့ကြ သည်။
 ကျွန်မတို့မောင်နှမလည်း မြကျွန်းသာ၏ ရင်ခွင်မှာ တစစ ပျော်ပိုက် လာခဲ့သည်။ ကိုလိုနီခေတ်မှသည် ယနေ့ထိ မြန်မာ့သမိုင်း၏ စာမျက်နှာများကို ဇတ်ကြမည်ဆိုလျှင် မြကျွန်းသာကို 
ချန်ထားမရ။ မြကျွန်းသာ၏သမိုင်းသည် အများအားဖြင့် မလှပ။ သွေး၊ မျက်ရည်၊ စွန့်လွှတ်အနစ်နာခံမှု၊ တိုက်ပွဲ ရုန်းကန်မှု၊ စိန်ခေါ်မှုတွေ ပြည့်နှက်နေသည့် မြကျွန်းသာ၏သမိုင်းက ကျွန်မကို
ကောင်းကောင်းကြီး ဖမ်းစားနိုင်ခဲ့သကဲ့သို့ ကိုလိုနီခေတ်အဆောက်အဦများ၊ စိမ်းလဲ့ညိုမှောင်သော 
အပင်ကြီးများနှင့် သာယာလှပသော အင်းလျားကန်၊ ထို့ထက် ပျားပန်းခတ်လှုပ်ရှားတက်ကြွနေကြသည့် မြကျွန်းသာ ကျောင်းတော် သူ၊ 
ကျောင်းတော်သားများ၏ ပုံရိပ်တို့က ကျွန်မကို မြို့ထားနိုင်ခဲ့သည်။

ဆေးတုကြောင့် ဆေးရုံရောက်

 ထို့ကြောင့်ပင် လူမှန်းသိတတ်စမှာ ပထမဦးဆုံး မက်ခဲ့သော အိပ်မက် သည် ထိုမြကျွန်းသာ၏ရင်ခွင်ရှိ 
ကျွန်မက ငယ်လွန်းလှသည်ဖြစ်ရာ မြကျွန်းသာ၏ ဘွဲ့နှင်းသဘင်ခန်းမတွင် တက်ရောက်ဘွဲ့ယူနိုင်မည့် မည်သည့်ဘွဲ့ မျိုးကိုမဆို ရယူလိုစိတ်သာ ရှိခဲ့ သည်။
သို့သော် ကျွန်မသည် လူမှန်းသိတတ်စကတည်းက ကျန်းမာရေး ချူချာလွန်းလှသည်။ ဒုတိယကမ္ဘာစစ်အတွင်း မိဘနှစ်ပါးကွယ်လွန်ခဲ့ကာ ညီအစ်ကိုမောင်နှမများ၏ 
အထောက်အပံ့ဖြင့် ကျောင်းတက်ခဲ့ရသော ဖေဖေ က ကျောင်းမြန်မြန်ပြီးအောင် စီးပွားရေးဘွဲ့ကို ယူခဲ့ရသော်လည်း သူ ဝါသနာပါရာ ဆေးပညာကို အိမ်သုံးဆေးဝါးများ လေ့လာခြင်းဖြင့် ဆည်းပူး တတ်သောကြောင့် 
ကျွန်မတို့ နေထိုင်ရာ တိုက်ခန်းကျဉ်းကျဉ်းလေးမှာ ဆေးဝါးစုံလင်သလောက် ကျွန်မတို့မောင်နှမသုံးယောက်မှာ ဆေးနံ့ကိုလည်း ယဉ်ပါးခဲ့ကြသည်။ ဆေးသောက်ရမှာ မကြောက်ကြသလို ဆေးရုံနှံ့ကိုလည်း နှံသည်ဟု မမှတ်ယူခဲ့ကြ။
 မည်သို့ဆိုစေ ကျွန်မမှာ ငယ်စဉ်ကပင် ဓာတ် မတည့်သည့်ပြဿနာက ရှိနေခဲ့သည်။ အနံ့စူးစူးဝါးဝါးများ၊ အိမ်မွေးတိရစ္ဆာန် တို့၏အမွှေးများ၊ ပင်လယ်စာများ၊
 အေးလွန်းပူလွန်းသော ရာသီဥတု စသဖြင့် ကျွန်မ မတည့်သည့်အရာတွေက များလွန်းလှသည်။ ထိုအရာများကို အချိန် အတန်ကြာ ထိတွေ့လိုက်သည်နှင့် တစ်ကိုယ်လုံး ယားယံကာ 
အဖုအပိန့်တွေ ဖြစ်လာတတ်ပေသည်။ ထို့ထက်တစ်ဖန် မူလတန်းအရွယ်မှာ သာမန်တုပ်ကွေး
အတွက် ဆေးခန်းမှပေးလိုက်သော ပဋိဇီဝဆေးကို သောက်လိုက်ရာမှ ကိုယ်ပူချိန် ၁၀၆-၇ အထိ ဖြစ်ခဲ့ကာ သတိလစ်မေ့မျောသွားခဲ့ပြီး ကလေး ဆေးရုံသို့ တက်ခဲ့ရသည်။
 နောက်နေ့တွင် မေမေ့အစီအစဉ်အရ ကျွန်မတို့ မောင်နှမတစ်ယောက်စီက တာဝန်ယူဆွမ်းလောင်းရသော အိမ်သို့ နေ့တိုင်းကြွ
ည့် ဘုန်းဘုန်းက တိုက်တွန်းသဖြင့် ကျွန်မသောက်ဖြစ်ခဲ့သော ဆေးကို ဆန်းစစ်ခဲ့ရာ အစစ်အမှန်မဟုတ်ဘဲ ဆေးဝါးအတု ဖြစ်နေခဲ့ပါသည်။ ထိုဆေး အတု၏ဒဏ်ကို ကျွန်မ ယခုတိုင် ခံစားနေရသည်ဟု ဆိုရမလိုပင်။
 ကျွန်မ၏ ဓာတ်မတည့်သောဝေဒနာမှာ ယခင်ကထက် ပိုမိုဆိုးဝါးလာပြီး ယခုတိုင် ဆောင် မပျောက်နိုင်တော့။ ထိုစဉ်က ကလေးဆေးရုံမှာ သတိရတစ်ချက်
တစ်ချက်နှင့် မြင်တွေ့ခံစားရသော ဆေးရုံမျက်နှာချင်းဆိုင်ရှိ တရုတ်ရိုး ၏တံခါးနီနီနှင့် စူးရှရှဆေးရုံနှံ့တို့မှာ ကျွန်မ၏ မမေ့နိုင်သော အာရုံထဲမှ ဆစ်ရင် ဆေးရုံဆေးခန်းတို့နှင့် အမြဲလိုလို ထိတွေ့ဆက်ဆံလာခဲ့ရသော
ကျွန်မသည် ဆရာဝန်၊ သူနာပြုတို့ကို သဘောကျချစ်မင်လာခဲ့သည်။
ကျွန်မ ခံစားနေရသော ဝေဒနာများကို သက်သာအောင် ပြုစုကုသသောသူ များအဖြစ် အသိအမှတ်ပြုနိုင်ခဲ့သည်။ သို့နှင့် မေမေ့ဆန္ဒကြောင့်မဟုတ်ဘဲ ကျွန်မ ဆေးကုသခြင်းကို စိတ်ဝင်စားလာခဲ့သည်။ 
ငယ်အိပ်မက်တွင် ဆရာဝန် တစ်ယောက်ဖြစ်ရေးသည် မှတ်မှတ်ထင်ထင်။

အားကျစိတ်နှင့် အရှက်အကြောက်
ထို့အတူ ငယ်ဘဝက ပုံပြင်ပေါင်းများစွာကို ကြားနာနားထောင်ခဲ့ရ သည့်အနက် မာသာထရီဇာနှင့် ဒေါ်ဦးဇွန်းတို့၏ ကရုဏာ၊ စေတနာ၊ အနစ်နာနှင့် လုပ်ရပ်တို့သည် ကျွန်မနားထဲမှတစ်ဆင့် နှလုံးသားထဲထိ ရောက် ခဲ့ကြသည်။
 ကျောင်းသင်ခန်းစာမှာ သင်ကြားခဲ့ရသော ရခိုင်အမျိုးသမီးကြီး ဒေါ်ဦးဇွန်း၏ သက်ကြီးရွယ်အိုများအပေါ် စီစဉ်ဆောင်ရွက်လုပ်ကိုင်ပေးခဲ့ပုံ များကို အားကျခဲ့သော်လည်း သူ့အကြောင်းက သည့်ထက်ပိုပြီးလည်း ကျွန်မအဖို့ လက် လှမ်းမမီနိုင်ခဲ့။
 အိန္ဒိယမှာ အရွယ်မရွေး နူနူဝဲဝဲလူမရွေး ကူညီစောင့်ရှောက်နေသည့် အယ်လ်ဘေးနီးယန်းအမျိုးသမီးကြီး မာသာထရီဗာ အကြောင်းကတော့ ဖေဖေ ယူလာတတ်သော နိုင်ငံခြားသတင်းမဂ္ဂဇင်းများ နှင့် ဖေဖေနားထောင်တတ်သော 
ဘီဘီစီမြန်မာပိုင်းအစီအစဉ်တို့မှတစ်ဆင့် မြင်တွေ့ကြားသိရသည်မို့ ပိုပြီးရင်းနှီးကျွမ်းဝင်ခဲ့ရသည်။ ကျွန်မ၏ ငယ်ဘဝ စံပြပုဂ္ဂိုလ်တစ်ဦးမှာ မာသာထရီဇာ ဖြစ်လာခဲ့သည်။ သို့သော် မူလတန်း ကျွန်မအဖို့ မာ့သာထရီဇာကို အားကျစိတ်မှာ 
သူကဲ့သို့ သူတစ်ပါးကို ကူညီချင်စိတ်ပါဝင်ခဲ့သည့်ပြင် သူကဲ့သို့ သူတစ်ပါးတို့က ချီးမွမ်းဂုဏ်ပြုခံရလို သည့်စိတ်တို့လည်း ပါဝင်ခဲ့ပါသည်။
ထို့ပြင် ကျွန်မ၏ နောက်အတွေ့အကြုံဟစ်ခုက သူတစ်ပါးထက် အခွင့်ထူးခံရလိုစိတ်ကို တိုက်ခိုက်နှိမ်နင်းခဲ့ပြန်ပါသည်။ နယ်မှာနေသော ကျွန်မ၏ဝမ်းကွဲမောင်နှမများကို ကျွန်မတို့မောင်နှမက ဦးဆောင်ပြီး 
ရန်ကုန် မြို့တစ်ခွင် လှည့်လည်ပြသဖို့ အခွင့်အရေးကို ကျွန်မအသက်ဆယ့်တစ်နှစ်မှာ ဖေဖေက ပေးခဲ့ပါသည်။ လူကြီးတွေမပါဘဲ သွားကြရသည့်ပြင် ငွေကြေး လည်း အလုံအလောက်ထည့်ပေးလိုက်သည်မို့ အပျော်ကျူးခဲ့ကြရာ နောက် ဆုံးတွင်ဖေဖေတာဝန်ထမ်းဆောင်ရာ ဟိုတယ်ခရီးလက်အောက်ခံ ကရဝိက် ဟိုတယ်မှ ရေခဲမုန့်ကို တန်းစီဝယ်မစားဘဲ ဖေဖေ့နာမည်ပြောပြီး အခမဲ့အငြိမ့်သား ထိုင်စားဖြစ်ခဲ့ကြပါသည်။ ထိုစဉ်က တန်းစီစောင့်ဆိုင်းနေသူတို့၏ အကြည့်များကို ကိုယ့်အပေါ် အားကျကြည့်ဟု ယူဆခဲ့ကာ သဘောကျနေခဲ့ သမျှ ဖေဖေ့ကို ပြန်လည်အစီရင်ခံသည့်အခါ သူ့ရာထူးနှင့် နာမည်ကို အသုံးချကာသူများထက် အခွင့်အရေးပိုလိုချင်ခြင်းကို ဖေဖေက ပြင်းပြင်း ထန်ထန် ရှုတ်ချပြစ်တင်ခဲ့ပြီးနောက် ကျွန်မတို့အားလုံး အပျော်တွေပျောက် သကဲ့သို့ ရေခဲမုန့်အရသာပင် မခံစားနိုင်ခဲ့တော့ပါ။
ထိုမှတစ်ဆင့် ယခုတိုင် လည်း သည်လို ရေခဲမုန့်မျိုးစားရမည်ကို ရှက်ကြောက်စိတ်က ဖြစ်ခဲ့ရပါပြီ။ ငယ်အိပ်မက်ထဲမှာပင် ကျွန်မသည် သူများတန်းစီလျှင် မိမိလည်း တန်းစီဖို့ ဝန်မလေးတော့ချေ။

အိပ်မက်ကို အမွေဆက်ခံလို့

ငယ်ငယ်က ပျော်ခဲ့ရသည့်ကာလများတွင် နွေရာသီကျောင်းပိတ်ရက် ခရီးရှည်များက ထိပ်ဆုံးက ပါခဲ့ပါသည်။ ခရီးထွက်သည်ကို ဝါသနာပါလှသော မေမေနှင့် မော်လမြိုင်မှာနေသည့် အဘိုးဘွားတို့ကြောင့် ကျွန်မတို့ မိသားစု နွေရာသီတိုင်း ခရီးတစ်ခုတော့ ထွက်ဖြစ်ခဲ့ကြသည်။ 
မော်လမြိုင် သွားရသည်မှာ ခရီးထွက်သည်ထက် ဘိုးဘွားနှင့်ဆော့နေရန် သွားသည် မျိုးမို့ မော်လမြိုင်ခရီးထက် အခြားခရီးအချို့ကို ပိုပြီးမှတ်မှတ်ထင်ထင် ရှိခဲ့သည်။မော်လမြိုင် တစ်ဖက်ကမ်း ဘီလူးကျွန်း၊ ပုဂံ၊ မန္တလေး၊ ရှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်း စသည်ဖြင့် ခရီးစဉ်တွေမှာ သဘာဝရှုခင်းလှ၊ ဗိသုကာလက်ရာအလှ၊ အစားအသောက်၊ရာသီဥတု၊တိုင်းရင်းသားဓလေ့ထုံးစံ နှင့် ဘာသာစကားလေယူလေသိမ်းစသဖြင့် မတူခြားနားသည့် အရာများ ကို တအံ့တသြ တွေ့ကြုံခံစားသိမြင်ရသဖြင့် ကြည်နူးပျော်ရွှင်ခိုက်မှာ “တွေ့ လား၊ ဖေဖေတို့နိုင်ငံက ဘယ်လောက်လှလဲ။ ဒီနေရာမှာ တချို့ နိုင်ငံတွေမှာလို လျှပ်စစ်ကြိုးဆွဲကောင်းကင်ကားတန်းတွေ ဆင်နိုင်ရင်၊ မိသားစုအပန်းဖြေ ပန်းခြံကြီးမျိုးဖန်တီးနိုင်ရင် ဖေဖေတို့ နိုင်ငံခြားဝင်ငွေလည်း တိုးမယ်။ နိုင်ငံ ခြားသားအများကြီးကလည်း ဖေဖေတို့နိုင်ငံ ဘယ်လောက်လှကြောင်း သဘာဝသယံဇာတ ဘယ်လောက်ကြွယ်ဝကြောင်း သိသွားကြမယ်”ဟု ဖေဖေက သူ့အိပ်မက်တွေကို မမောတန်း ပြောနေတတ်သည်။ သည်တော့ ကျွန်မမှာ ကြက်သီးမွေးညင်းထောင်ထကာ မြန်မာပြည်မှာ ရန်ဖြစ်ရသည်ကို ဂုဏ်ယူနေခဲ့ပါသည်။
မျက်စိတစ်ဆုံး များပြားလှသော ဘုရားကြိုဘုရားကြားမှာ လျှောက် သွားရင်း ဆယ်တစ်ရာစုပုဂံ၏ ကြွယ်ဝမှုနှင့် ရှေးက ပျူ၊ မွန်၊ မြန်မာတို့၏ လက်ရာမြောက်ဗိသုကာတို့ကို နားမလည်နိုင်သေးသည့်တိုင် မှန်းဆဂုဏ်ယူ မိခဲ့ဖူးပါသည်။ 
မန္တလေးကျုံးကို ကြည့်ရင်း၊ ပါတော်မူပုံပြင်ကို နားထောင် ရင်း၊ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကို ဖူးမြော်ရင်း ဆုံးရှုံးခဲ့ရသော လွတ်လပ် ရေးအတွက် နားမလည့်တလည်နှင့်ပင် ကြေကွဲမိခဲ့ပြန်ပါသည်။
ဖေဖေ့ဘက်မှ ဆွေမျိုးများရှိရာ သီပေါနှင့် ရှမ်းပြည်နယ်ဒေသအချို့ကို လည်ပတ်ခဲ့စဉ်မှာ လည်း အသွင်မတူသည့် ဆွေမျိုးများအပေါ် ချစ်ခင်သည့် ခံစားမှုကို ရခဲ့ပြန်ပါ သည်။ ပြည်တွင်းခရီးအတွေ့အကြုံတို့ကို အိမ်နီးနားချင်းကလေးများနှင့်ကျောင်းနေဖက်သူငယ်ချင်းများအား ပြန်ပြောင်းပြောပြခဲ့သည့်အခါ ကျွန်မမှာ သူတို့ထက် ဗဟုသုတပိုရှိသည်ဟု ခံစားမိရာက မိမိကိုယ်မိမိ ယုံကြည်စိတ် လည်းတိုးပွားခဲ့ပါသည်။ ကျွန်မ၏ အတွေးအမြင်သည် ရန်ကုန်၏ ၁၂ ပေ၊ ပေ ၅ဝ တိုက်ခန်းကျဉ်းနှင့် နံရံလေးဘက်ကြားက ကျောင်းတို့ထဲမှာ လမ်းဆုံး မန့်ခဲ့ရသည့်အတွက်လည်း မူလတန်းအရွယ် ကျွန်မ၏ အိပ်မက်များသည် တောင်ပံတလူလူ လွင့်ဝဲနေခဲ့ကြပါသည်။
ငယ်ဘဝမှ အမှတ်ရမိသည်က အိပ်ရာဝင်နောက်ကျခြင်းပင်။ ညစဉ်ညနက်သည့်တိုင် ဖေဖေနှင့်မေမေ၏ ခုတင်ပေါ်မှာ နားနေရင်း ဖေဖေနှင့် မေမေ ပြောသမျှ လူမှုရေး၊ စီးပွားရေးကိစ္စ အထွေထွေကို နားထောင်တတ်ခဲ့ သည်ကလည်း ကျွန်မဘ၀အတွက် လူဖြစ်စောစေခဲ့သည့်အကြောင်း ဖြစ်ပေ မည်။ မူလတန်းဘဝမှာပင် ဖေဖေနှင့်မေမေတို့ ခံစားနားလည်သမျှကိုလိုက်လံခံစားဖြစ်ခဲ့သည်မို့ နားလည်မှုအရာတွင်လည်း လူကြီးတို့၏ နားလည် မှုအတိုင်းအတာကို ယဉ်ပါးကျက်စားမိခဲ့ပြန်ပါသည်။ သို့သော် ထိုစဉ်က ခံစားမှုနုနယ်သည့် ကလေးပီပီ ကြားဖူးသမျှဒုက္ခရောက်နေသူ အဆင်မပြေ နေသူများအတွက် ညတိုင် ဘုရားရှိခိုးသည့်အခါ ဝေဝေဆာဆာ ဆုတောင်း သမှုကို ပြုခဲ့မြဲဖြစ်ပါသည်။ ကိုယ့်ထက်အဆင်ပြေကြွယ်ဝနေသူတွေအပေါ် အားကျစိတ်ဖြစ်ခဲ့မှုမျိုး ရှိမရှိ မမှတ်မိသော်လည်း ကိုယ့်ထက် အဆင်မပြေ ဖြစ်နေသူတို့အတွက်ပူပန်စိုးရိမ်စိတ်နှင့် တစ်နည်းနည်းအားဖြင့် ကူညီဖေးမလို စိတ်များ ဖောဖောသီသီ ဖြစ်ထွန်းခဲ့သည်ကိုဖြင့် မှတ်မိနေပါသေးသည်။ 
သို့ဖြင့် မူလတန်းအရွယ် ကျွန်မ၏ ညပိုင်းဘုရားရှိခိုးချိန်သည် ထိုကိစ္စများ သွက် ဆုတောင်းမှုတို့ကြောင့် ကျန်မောင်နှမများထက် ပိုကြာမြင့်ခဲ့ပေသည်။
ပုဇွန်တောင်မှ စမ်းချောင်းသို့ ပြောင်းရွှေ့ခဲ့ကြပါသည်။ ဘိုး၊ အဘွားနှင့်အတူ နေခဲ့ရခြင်းကလည်း ကျွန်မဘဝမှာ အရေးပါသည့် အပြောင်းအလဲဖြစ်ပါ သည်။ အဘိုးက ၁၉၂ဝ ပထမတက္ကသိုလ်ကျောင်းသားသပိတ်မှာ မော် လမြိုင်မှအထက်တန်း ကျောင်းသား ဘဝဖြင့် ပါဝင်ခဲ့သဖြင့် ကျောင်းထုတ်ခံ လိုက်ရပြီးနောက် မိမိဘာသာသင်ယူပျိုးထောင်ခဲ့သော လူတစ်ဦးဖြစ်လာခဲ့ရာ သူနှင့် လက်ပွန်းတတီးနေခဲ့ရသော ဆယ်ကျော်သက်ကာလသည် ထူးခြားခဲ့ ပြန်ပါသည်။အထူးသဖြင့် ကျွန်မသည် အခြားဆယ်ကျော်သက်များကဲ့သို့ တွေးရိုးသွားစဉ် မတွေး၊ ပြောရိုးပြောစဉ် မပြောတတ်ခဲ့တော့။ ထိုစဉ်က ဘိုးမှာ အသက်ရှစ်ဆယ်နားကပ်နေပြီး 
သူ့ငယ်ဘဝအတွေ့အကြုံများနှင့် သူ မည်ကဲ့သို့ တွေးခေါ်ရင်ဆိုင်ဖြတ်သန်းပုံများကို ပြောပြခဲ့ရာ ကျွန်မအတွက် နမူနာပြုစရာ ဖြစ်မှန်းမသိ ဖြစ်ခဲ့ပါသည်။ နယ်ချဲ့လက်အောက်မှာ သူမည်သို့မည်ပုံရပ်တည်ခဲ့ပုံကို ပြောခဲ့ရာမှာသူ့ဖြေရှင်းပုံများကို ကျွန်မ အသေးစိတ် မမှတ်မိသည့်တိုင် နာခံသည်လည်း မဟုတ်၊ အာခံသည်လည်း မမြောက် သည့် သဘောတရားကိုမူ သတိထားမိခဲ့ရပါသည်။
 သို့ဖြင့် အဘိုး၏တကယ့် ဖြစ်ရပ်ပုံပြင်များက ကျွန်မ၏ အနာဂတ်ဘဝရင်ဆိုင်ပုံကို အတန်အသင့် လွမ်းမိုးခဲ့ပါတော့သည်။

ခေါင်းမီးလောင်ခဲ့ရသည့် စာကြမ်းပိုးဘဝ

ဘိုးကြောင့် ကျွန်မသည် စာကို သဲကြီးမဲကြီး ဖတ်တတ်လာခြင်းက လည်း ကျွန်မ၏ ဆယ်ကျော်သက်အိပ်မက်ကို ပြောင်းလဲစေခဲ့ပါသည်။ဆရာဝန်တစ်ယောက်ဖြစ်ချင်ခဲ့သည့် ငယ်အိပ်မက် မပျောက်ပျက်သေးသော်
လည်း စာပေနှင့်ပတ်သက်သည့် အိပ်မက်တစ်ခု ပိုမက်တတ်လာခဲ့ပါသည်။ အဘိုးက ဗေဒင်ကျမ်း၊ ဆေးကျမ်း၊ ဂန္တဝင်ဝတ္ထုကြီးများမှအစ စာအုပ်မှန်သမျှ
ကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ဖတ်လေ့ရှိသည့်ပြင် နေ့စဉ်ထုတ်သတင်း စာကိုပင် မာတိကာမှအစ ဖတ်သကဲ့သို့ မှတ်စုစာအုပ်အနားမှာထားပြီး စာဖတ်သူ ဖြစ်ပါသည်။ သူ့စာအုပ်ဗီရိုကို စတင်မိတ်ဆက်သည်မှစပြီး စာအုပ်စာပေတို့၏ သြဇာသည် ကျွန်မ၏ ဆယ်ကျော်သက်ဦးပိုင်းကာလကို လုံးဝဥသုံ လွှမ်းမိုးအနိုင်ယူသွားခဲ့ပါတော့သည်။ အိမ်ရှိစာအုပ်နှင့် မတင်းတိမ်နိုင်ခဲ့သလို အငှားဆိုင်မှ ရနိုင်သည့် ခေတ်ပေါ်မဂ္ဂဇင်း၊ ဝတ္ထုများနှင့်လည်း မကျေနပ်နိုင်ခဲ့သော ကျွန်မမှာ ဆွေမျိုးဉာတကာနှင့် မိတ်ဆွေသင်္ဂဟတို့ကသူတို့ကိုယ်ပိုင် အိမ်တွင်းစာကြည့်တိုက်ကလေးများကို သုံးစွဲခွင့်ပြုသည်နှင့် နေ့စဉ်မပျက် ထိုင်လည်းဖတ်၊ အိမ်လည်းငှားသည့် ပရိသတ်ဖြစ်ခဲ့ပြန်ပါ သည်။ လမ်းပေါ်မှာ ပြေးလွှားခုန်ပေါက်ကစားရသည်ကို မက်မောခုံမင်သည့် အရွယ်မှ 
အပျိုဖော်ဝင်သည့်အရွယ် ရောက်လာချိန်တွင် စာပေ၏ ဆွဲဆောင်မှု နှင့် သြဇာကို မည်သို့မျှ မရုန်းထွက်နိုင်ခဲ့သော ကျွန်မသည် အိမ်တွင်းပုန်း စာကြမ်းပိုးတစ်ယောက်ဖြစ်လာကာ လူပျို အပျိုသဘာဝ အပြုအမူအားလုံးကို မသိကျိုးကျွံ ကျော်လွန်ဖြစ်ခဲ့ပါတော့သည်။
 ညလုံးပေါက်စာဖတ်ခြင်းဖြင့် တစစ ကျန်းမာရေးချွတ်ယွင်းလာသော ကျွန်မကို စိုးရိမ်ကာ ညနက်နက်မှာ ကျွန်မအခန်း မီးလင်းနေလျှင် လှမ်းအော်ပြီး သတိပေးခံရတတ်သောကြောင့်စောင်ကို ခေါင်းမြီးခြုံကာ မီးအိမ်ကို ရင်ခွင်ထဲထည့်ပြီး စာဖတ်ရာမှ ဆံပင်တွေ မီးလောင်သွားခဲ့ဖူးသည့် ဆယ်ကျော်သက်ကျွန်မမှာ စာအုပ်တစ်အုပ်အုပ်ကို မထိမကိုင် မဖတ်မရှုနေလျှင် ပြစ်မှုကြီးတစ်ခုကျူးလွန်နေမိသည့်အလား စိတ်ချောက်ချားတတ်သည့် စိတ္တဇလည်း ရှိလာခဲ့ပါသည်။ ။
ကလေးဘဝမှာ ကိုယ်လက်လှုပ်ရှားကစားရသည့် ကစားနည်းမျိုးစုံကို မောင်လေးနှစ်ယောက်နှင့်အတူ ဗြောင်းဆန်အောင် ဆော့ကစားခဲ့ရာမှ အပျို ဖော်ဝင်သည်နှင့် စာပေ၏သို့ဓာတ်ကို ကြုံရသောအခါ မလှုပ်မရှား ငြိမ်သက် သွားခဲ့ပြန်ပါသည်။
 အမှန်တော့ ကျွန်မမှာ မောင်နှစ်ယောက်နှင့်အတူ ကြီးပြင်း ခဲ့ရသည့်အတွက် ယောက်ျားလေးတစ်ယောက်အသွင် ပြုမူနေထိုင်ခဲ့ပြီး ကိုယ့် ကိုယ်ကိုလည်း မိန်းမတစ်ယောက်အဖြစ် မမြင်နိုင်ခဲ့။
 မိန်းကလေးတစ်ယောက် ၏အဆင်အပြင်မျိုးကိုလည်း လုံးဝစိတ်မဝင်စားခဲ့သူသာ ဖြစ်ပါသည်။ထိုစဉ်က မြန်မာပြည်မှာ ခေတ်စားခဲ့သော ရုရှရသစာပေနှင့် အခြား လက်ဝဲ လက်ယာစာပေများကို ဖတ်ဖြစ်ခဲ့သော်လည်း ကျွန်မကို ပိုပြီး စွဲဆောင်နိုင်ခဲ့ သည်မှာဗုဒ္ဓစာပေဖြစ်ခဲ့ခြင်းကလည်း ကျွန်မ၏ ဆယ်ကျော်သက်အိပ်မက်ကို အရောင်ဆန်းတွေ ခြယ်မှုန်းပေးခဲ့ပါသည်။ ဘာသာရေးစာပေဖတ်ရာမှာ လည်း မိန်းမတို့အတွက် ညွှန်းဆိုထားသမျှကို ကျော်ဖတ်ပြီး ယောက်ျား
ကောင်းတို့ ကျင့်ကြံအပ်သည့် စိတ်ဓာတ်နှင့် အပြုအမူမျိုးကိုတော့ မှတ်စုထား ကူးယူသလို လိုက်နာနိုင်အောင် အစွမ်းကုန်အားထုတ်တတ်ခဲ့ပြန်ပါသည်။ ကျားကျားလျားလျားဖြစ်အောင် ကြိုးစားနေသည့် ကျွန်မ၏ မန္ဓာမှာညံ့သိမ်မွေ့သည့်အပြုအမူမျိုး မရှိသော်လည်း ဘာသာရေးစာပေက ကျွန်မ ၏ နှလုံးသားကိုတော့ သိမ်မွေ့အောင် ချုပ်ကိုင်ထားနိုင်ခဲ့ပါသည်။ ကျွန်မဘာသာရေးစာပေကို စတင်စွဲလမ်းရသည်မှာ ဆရာကြီးဦးသုခ၏ မေတ္တာ သုတ်ဖြစ်ပြီး ထိုစဉ်က စစ်ပြန်မဂ္ဂဇင်းတွင် အခန်းဆက်ပါသည်ကို
 လစဉ်စောင့် ဖတ်ခဲ့ရပါသည်။ မေတ္တာကို ရွတ်ဖတ်ရသည့်သုတ္တန်သဘောထက် လိုက်နာ ကျင့်သုံးရမည့် ဘုရားဟောကျင့်စဉ်အဖြစ် သဘောကျကြည်ညိုဖွယ်ဖြစ်အောင် ရေးထားသည်ဖြစ်ရာ ဆယ်ကျော်သက်ကျွန်မမှာ အပြည့်အဝမဟုတ်သည့်တိုင် ဘတစ်သက်တာအတွင်း အတော်များများကို လိုက်နာနိုင်အောင် ကြိုးစားလို စိတ်များ ဖြစ်လာခဲ့ရပါသည်။ မေတ္တာသုတ်စာသားများကို ဖွင့်ဆို ရှင်းပြရာမှာ ကျွန်မရင်ကို ထိစေခဲ့သော ဝါကျများ အတော်ကိုများပြားလှပါသည်။ ဆုကို စွဲလမ်းလာခြင်းကိလေသာအားလျော်စွာ လူသိမခံနိုင်သော ကိုယ်နှုတ်အမူအရာများ နှင့် မိမိတို့ကိုယ် မိမိတို့ ကြည်ညိုမရနိုင်သောအခါဝယ် ဗုဒ္ဓ၏အလိုတော်ကျ မဟုတ်သေးတာ တွေးပြုပြင်နိုင်မှ သုဟုဇူ ဖြစ်မယ်လို့ ဟောတော်မူတယ်။ ဆိုလိုတာက သူတစ်ပါးကမိမိကို ကြည်ညိုခံနိုင်ဖို့ထက် မိမိကိုယ်မိမိ ကြည်ညိုနိုင်အောင် သိက္ခာရှိရမယ်၊ ဖြောင့်မတ်ရမယ်၊ သူတစ်ပါးကိုလည်း ကိုယ်က မလိမ်နဲ့၊ ကိုယ့်ကိုယ်ကိုလည်း ပြန်မလိမ်နဲ့ပေါ့” 
(မေတ္တာသုတ်၊ သုခ၊ စာ ၂၉)
မှန်သောကြိုးမှာ နုနုနဲ့ ကိုယ့်အလိုကို မြဲမြံစွာ ဆုပ်ကိုင်ထားတာဟာ မုဒု ရဲ့သဘောပဲ။”
 (မေတ္တာသုတ်၊ သုခ၊ စာ ၅၀)
“ကာယကံ၊ ဝစီကံ မုဒု ဖြစ်ပြီး မနောကံ ‘မုဒု 'မဖြစ်လျှင်တော့ ကျန်တဲ့နှစ်ပါးရဲ့ ‘မုဒု 'တွေဟာ အယောင်ဆောင်တာပဲ။ လူပေါ်လူဇော်လုပ် တာတွေပဲ ဖြစ်သွားလိမ့်မယ်။
 (မေတ္တာသုတ်၊ သုခ၊ စာ ၇၇)
'ဘယ်သူကဲ့ရဲ့ ကဲ့ရဲ့ ဘုရားမကဲ့ရဲ့အောင်နေ။ ဆရာတော် ဦးဗုန်” 
(မေတ္တာသုတ်၊ သုခ၊ စာ ၁၂၁)
ဖေဖေရိုးသားမှုက ကျွန်မတို့မိသားစုကို ထမင်းဝရုံသာ စွမ်းနိုင်သဖြင့် အပျိုဖော်ဝင်လာသော ဆယ်ကျော်သက်ကျွန်မမှာ သူများတကာလို လှပ ခေတ်မီစွာ ဝတ်ဆင်သုံးစွဲနိုင်သည့်အနေအထား မရှိသည်ကို ကောင်းကောင်း သဘောပေါက်ခဲ့ပါသည်။
 မေတ္တာသုတ်အဟောအရရောင့်ရဲတင်းတိမ်သူဖြစ်
အောင် ကြိုးစားဖို့မှာလည်း ဆယ်ကျော်သက်လိုအင်နှင့် ခွင်မကျဖြစ်နေခဲ့ပြန်ပါ သည်။ နောက်ပြဿနာတစ်ခုက ကိုယ့်ကိုယ်ကိုလည်း ကြည်ညိုချင်၊ ဘုရားအကဲ့ရဲ့ ကိုလည်း မခံချင်ဆိုသည့်စိတ် ဖြစ်နေခြင်းပင်။ သည်လိုနှင့် ဆယ်
ကျော်သက်ကျွန်မအဖို့ အိမ်၏ ကျပ်တည်းသော စီးပွားရေးအခြေအနေအရ မဖြစ်မနေ တင်းတိမ်ရောင့်ရဲရမည့် အနေအထားကို မေ့လျော့နိုင်မည့်၊ ဆယ် ၊
ကျော်သက်လိုအင်တွေကို နှစ်နှစ်ကာကာကြီး လျစ်လျူရှုနိုင်မည့် နည်းလမ်း ကို ကြံဆရပါတော့သည်။ တစ်နည်း ကိုယ်နှင့် နှုတ်မှာ အခြေအနေအရ တင်းတိမ်သင့်သည်မို့ တင်းတိမ်ရသည့် အယောင်ဆောင်တင်းတိမ်မှု မဖြစ်ရအောင်၊ ချုပ်တည်းသည်းခံရခြင်းထက် စိတ်ထဲမှာ နှစ်လိုကျေနပ်စွာ ရောင့်ရဲ နိုင်ခြင်းဖြစ်ရအောင် ကြိုးစားရပါတော့သည်။ မိမိကိုယ်ကိုလည်း ညာရာမကျ ဘုရားဟောကိုလည်း ကျင့်သုံးရာကျဆိုသည့် နည်းလမ်းကို စဉ်းစားရသည် မှာ ဆယ်ကျော်သက်တစ်ယောက်အဖို့ စိန်ခေါ်မှုတစ်ရပ်ပင်။
နောက်ဆုံးမှာတော့ ဘုရားဟော ပဋာစာရီရီအတ္ထုပ္ပတ္တိကပင် ကျွန်မကို အကောင်းဆုံး အဖြေထုတ်ပေးခဲ့ပါသည်။ ပဋာစာရီထေရီကို အားကျခြင်းပဋာစာရီထေရီမှာ အများသိကြသည့်အတိုင်း လင်သေ၊ သားဆုံး၊ မိဘနှင့် မိသားစုအားလုံးဆုံးကာ တစ်ကိုယ်တော် ကျန်ရစ်ချိန်မှာ 
အဝတ်အစား ပင် မကပ်နိုင်အောင် ရူးသွပ်သွားခဲ့ဖူးပါသည်။ မြတ်စွာဘုရား၏ တရားရေ အေးကို နာကြားရသည့်နောက် သောတာပန်အဖြစ်ကို ချက်ချင်းရကာ အရိယာအဖြစ်သို့ ရောက်ခဲ့သော်လည်း ထိုခဏမှာ ပဋာစာရီ၏ အပြောင်း အလဲကို မသိကြသူတို့က မြတ်စွာဘုရားကို 
ဖူးမြော်နေသည်က အဝတ်မဲ့ကိုယ် ဗလာနှင့်မို့ မသင့်လျော်ဟု ဆိုခဲ့ကြပါသည်။ သို့သော် အရိယာအဖြစ်သို့ပြောင်းသွားပြီဖြစ်သော ပဋာစာရီမှာ “ရတနာသုံးပါးတည်းဟူသော ပန်းခိုင်ကို လည်းကောင်း၊ ငါးပါးသီလတည်းဟူသော ခါးဝတ်ပုဆိုး အဝတ်တန်ဆာကို လည်းကောင်း၊
သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ၊ သြတပွဖြစ်သည့် သူတော်ကောင်းဥစ္စာ ခုနစ်ဖြာတည်းဟူသော ကျောက်မျက်အဆင်တန်ဆာ တို့ကိုလည်းကောင်း ဆင်မြန်းထားပြီးဖြစ်သည့်အတွက် ပကတိအဝတ်အစား နေသည့်တိုင် သင့်လျော်လျောက်ပတ်နေသည်ဟု
 ပြန်လည်ချေပထားသည်ကို တ်လိုက်ရသည့်အခါ ကျွန်မအတွက် ဘဝနေနည်းထိုင်နည်းကို ရခဲ့ပါတော့ သည်။ ထို့နောက် ပန်းပန်ဖို့မတွေးဘဲ သရဏဂုံတည်ဖို့သာ တွေးသကဲ့သို့ ဆတ်အဆင်ဆန်းတွေ ဝယ်ဝတ်ရဖို့ မတွေးဘဲ ငါးပါးသီလလုံဖို့ တွေးရ
သည်မှာ ကျွန်မတစ်ယောက်တည်း ခွန်အားနှင့် တတ်စွမ်းသည့်ကိစ္စဖြစ်သကဲ့ သို့ ကျွန်မအတွက် အတော်ကြီးသက်သောင့်သက်သာ ရှိစေခဲ့ပါသည်။ သူတော်ကောင်းဥစ္စာ ခုနစ်ဖြာလုံးကို မဖြည့်ဆည်းနိုင်သေး၊ မပိုင်ဆိုင်နိုင်သေး
သော်ငြား သနပ်ခါးအမွေးနံ့သာအစ ရွှေငွေစိန်ကျောက်အဆုံး ဆယ်ကျော် သက်သမီးပျိုတို့ ဆင်ယင်သုံးစွဲချင်သမျှတို့ကို နှစ်နှစ်လိုလို လျစ်လျူရှုနိုင်ခဲ့ ပါသည်။
ဒုတာသီလရှင် ဝတ်ခြင်း၊ ဆယ်ရက်တရားစခန်းဝင်ခြင်းတို့ကို ဆယ် ကျော်သက်ဘဝမှာ အားထုတ်ဖြစ်ခဲ့သည်ကလည်း ကျွန်မအတွက် အကျိုး များခဲ့ပါသည်။ သာသနာ့ဘောင်မှာ မည်သို့ကျင့်ကြံ နေထိုင်ကြသည်ကို ကိုယ်တွေ့ကြုံရသကဲ့သို့ ဝိပဿနာကမ္မဋ္ဌာန်း၏ အခြေခံကိုလည်း ကောင်း
ကောင်းလေ့ကျင့်ခွင့်ရခဲ့ခြင်းသည် နောင် ထောင်တွင်းတွင် တရားအားထုတ် ဖြစ်သောအခါ ကြီးစွာသောအထောက်အကူကို ဖြစ်စေခဲ့ပါသည်။ ဒုလ္လဘ သီလရှင် ဝတ်ခဲ့စဉ်က ဘဝမှာ နောက်ထပ်ဖြစ်ချင်တာတွေ မရှိတော့လောက်
အောင် ခံစားရပြီး လူပြန်မထွက်ချင်သည့်စိတ်အထိ ဖြစ်ခဲ့ဖူးသော်လည်း အလွန်အကျူး မပြင်းထန်ခဲ့ပေ။ ထို့နောက်မှာ နေ့တိုင်း ရှစ်ပါးသီလနှင့် နေသလို နေနိုင်အောင် ကြိုးစားသွားနိုင်လျှင် လောကကျိုး၊ ဓမ္မကျိုး နှစ်မျိုး စလုံး ထမ်းနိုင်သည့်ဘဝမျိုးကို ဖန်တီးနိုင်မည်ဟု အိပ်မက်သစ် ဖြစ်လာရာမှ ဆယ်တန်းကျောင်းဖွင့်အမီ လူထွက်ဖြစ်သွားခဲ့ပါသည်။

နောက်ဆုံးတော့ ကလောင်ကိုင်မည်

တစ်ဖက်မှာလည်း လစဉ်ထုတ်မဂ္ဂဇင်းအချို့ ကို စွဲလမ်းသထက် စွဲလမ်းလာပြီး စာပေကို ကိုယ်တိုင်ဖန်တီးလိုစိတ်က ပြင်းပြလာခဲ့ပါသည်။ ထို့ပြင် ထိုစဉ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ သတင်းအမှောင်ချမှု
ကြောင့် ကမ္ဘာမှာ ဘာဖြစ်နေသည်ကို ဟုတ်တိပတ်တိ မသိခဲ့ရသော်လည်း ဖတ်ခွင့်ရသမျှ စာပေထဲမှ နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံကိုတည်ထောင်သူ များ၊ တော်လှန်ရေးသမားများ၊ ငြိမ်းချမ်းရေးသမားများအားလုံးကို အားကျစိတ် ကလည်း ရှိခဲ့ပြန်ပါသည်။
သူတို့တွေနှယ် ထူထဲလေးပင်သော အတ္ထုပ္ပတ္တိမျိုးမင်ခဲ့ပါသည်။ သို့သော် ကျွန်မမှာ ကိုယ်ပိုင်အတွေ့အကြုံဟူသရွေ့ ဘာမှ မယ်မယ်ရရ မရှိခဲ့သေး။ တစ်ခုကံကောင်းသည်က ကျွန်မတို့မိသားစုမှာ စားအိုးကြီးလာသည့်အလျောက် မေမေက ကိုယ်ပိုင် ရှင် လေးဖွင့်ဖြစ်ခဲ့ရာမှ
ပတ်ဝန်းကျင်ကို ပိုမိုထိတွေ့ခွင့် ရလာခြင်းပင်။ အထက်တန်းကျောင်းနှင့် တက္ကသိုလ်စပ်ကြားကာလတချို့မှာ စာအုပ်ပုံထဲ ခေါင်းစိုက်တေးခဲ့သလို မူကြိုမှသည် အလယ်တန်းအထိအရွယ်ရှိ ကျောင်းသားကျောင်းသူ ခြောက် ဆယ်ကျော်ကိုလည်း ဆရာလုပ်ခဲ့ရပြန်ပါသည်။ 
စမ်းချောင်းမှာနေကာ ပုဇွန်တောင်မှာ ကျူရှင်သွားပြရသည့်အတွက် ပြည်သူပိုင်ဘတ်စ်ကားများနှင့် ယဉ်ပါးလာခဲ့သကဲ့သို့ ရန်ကုန်မြို့ကိုလည်း ပိုမိုမြင်တွေ့ခွင့်ရလာခဲ့ပါသည်။
ဆိုရှယ်လစ်ခေတ်ဆယ်ကျော်သက်မို့ သည့်ထက်ပိုပြီး နိုင်ငံ့အကြောင်း စေ့ခွင့်မသာခဲ့သော်လည်း ကျွန်မ ကောင်းကောင်းသဘောပေါက်ခဲ့သည်မှာ ကျွန်မတို့ လူမှုအဖွဲ့အစည်း၏ မပြေလည်မှုနှင့် ဆင်းရဲမွဲတေမှုပင်။ အခြား ကမ္ဘာ့နေရာအချို့မှာ မည်မျှပြေလည်နေသည်ကို မသိခဲ့သော်လည်း
 ကျွန်မနား မှလူတွေ မပြေလည်သည်ကိုတော့ ကျွန်မ သိခဲ့ရသည်။ ကျွန်မကိုယ်တိုင် မပြေလည်သည့် မိသားစုထဲမှာ ရှိနေခဲ့သည်။ ပြောရိုးပြောစဉ် မရှိမရှားဟု
ပြောရမည့် အနေအထားမှာရှိသည့်တိုင် မပိုမလျှံဟု ဆိုရမည့် မိသားစုဘဝမှာ ကျွန်မကျင်လည်ခဲ့သည်မို့ ကျွန်မ၏ ပတ်ဝန်းကျင်မှာလည်း ထိုနည်းနှင်နှင်။ အစိုးရန်ထမ်းမိသားစုဘဝများစွာနှင့် လက်လုပ်လက်စား မိသားစုဘဝများစွာ အကြောင်းကိုသာ
 သိခွင့်ရခဲ့သည့်အတွက်လည်း တွေ့ကြုံရသမျှနှင့် တွေးခေါ် မိသမျှတို့ကို စာပေအဖြစ် ဖန်တီးလိုစိတ်ဖြစ်လာခဲ့ကာ ပတ္ထုတိုတွေ ရေးစပြု လာခဲ့ပါသည်။ ကိုယ့်ကိုယ်ကို မငြိုငြင်ဖြစ်အောင် ကြိုးစားလေ့ရှိသော ကျွန်မက ကျွန်မ၏ ပတ်ဝန်းကျင်ပုံရိပ်များကို အခြေခံကာ 
ဝတ္ထုတိုများစတင် ရေးဖြစ်လာခဲ့ပါသည်။ ထိုဝတ္ထုတိုတွေကို မဂ္ဂဇင်းတိုက်တွေဆီ ပေးပို့ရန် ကြိုးစားခဲ့ရာမှ ကျွန်မ၏ ဆယ်ကျော်သက်နှင်း ဘဝပုံရိပ်သည် တစ်မျိုးတစ်ဖုံ ပြောင်းလာခဲ့ပါတော့သည်။
___♥___
ဆက်ရန် ၂

#စမ်းချောင်း_အင်းစိန်_ဟားဗတ်

https://www.facebook.com/yzhbook.review/ page မှမျှဝေပါသည်။

Happy International Womens Day
ယနေ့ 
March.8.2021
___♥___
အမေစု၊သမ္မတကြီးနှင်နိုင်ငံရေးသမားများ၊အနုပညာသမား၊စာရေးဆရာများ၊ပြည်သူများအား
မတရားအကြမ်းဖက်ဖမ်းဆီးခံထားရတာ(၃၆)ရက်မြောက်နေ့အားလုံးကျန်းမာပါစေ၊အမြန်ဆုံးပြန်လွတ်ပါစေ။
#diversityinclusion
#genderequality
#civildisobediencemovement
#FreeDawAungSanSuuKyi
#FreeOurLeaders
#HowManyDeadBodyNeedForUNtoTakeAction
#HumanRightsViolations
#JusticeForMyanmar
#RejectMilitaryCoup
#RespectOurVotes
#savemyanmarfrommilitarycoup
#WhatIsHappeningInMyanmar
#WeNeedR2PInMyanmar
#WeNeedUNInterventionInMyanmar
#WeStandWithCRPH
#WeStandWithDrSaSa
#WeStandWithUKyawMoeHtun
#WeSupportCDM
#WeSupportCRPH
#အရေးတော်ပုံအောင်ရမည်
#အရေးတော်ပုံအောင်တော့မည်
#နွေဦးတော်လှန်ရေး

Comments

Popular posts from this blog

မျောက် ခြောက် ကြိမ်

မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပ‌ဒေကို ရုပ်သိမ်းသည့်ဥပဒေ